ဗန်းမောက် ၁၂ မတ်

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ် ဇလုံတောင်ဘုရားသွားလမ်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး(နယ်စပ်ဒေသဖွံ့ဖြိုးရေး)ရန်ပုံငွေ ငွေကျပ် ၄၅၉ ဒသမ ၁၀ သန်းဖြင့် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရှိရသည်။

 

ဇလုံတောင်ဘုရားသွားလမ်းကို အရှည်ပေ ၇၂၆၀၊ အကျယ် ၁၈ ပေ၊ ထုထည် ၈ လက်မရှိ ကွန်ကရစ်လမ်း ဆောင်ရွက်ခြင်းလုပ်ငန်းတွင် ၃၀ ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးပြီ ဖြစ်ပါကြောင်း၊ ထို့သို့ လမ်းများ ဆောင်ရွက်ပြီးစီးပါက ပြည်တွင်း၊ ပြည်ပ ဘုရားဖူးခရီးသည်များ အဆင်ပြေချော မွေ့စွာ သွားလာနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

 

012

 

ဇလုံတောင်ဘုရားသည်  ဗန်းမောက်မြို့၏ မြောက်ဘက်တွင်ရှိပြီး  ပင်လယ်ရေမျက်နှာပြင် အထက် အမြင့်ပေ ၃၀၉၀ ရှိသော ဇလုံတောင်ပေါ်တွင် တည်ရှိကြောင်း၊ ပြည်တွင်းဘုရားဖူး ခရီးသွားများ ဝင်ရောက်မှု မြင့်တက်လာသော နေရာတစ်ခုဖြစ်သောကြောင့် အန္တရာယ်ကင်းစွာ သွားလာနိုင်ရေး အတွက် ကွန်ကရစ်လမ်းများ ဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်း၊  နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန မှသိရှိရသည်။ 

 

မွှေးကြူဇင်