ဘားအံ ၁၂ မတ်
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကူးစက်ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်း လုပ်ငန်းအဖြစ် ဦးစားပေးဆောင်ရွက်နေသည့် ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ (COVID-19)လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ဘားအံခရိုင် Community Centre ခန်းမတွင် ပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် ဘားအံခရိုင်ဦးစီးအရာရှိ ဒေါ်စိုးစိုးအေးမှ ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ (COVID-19) ကူးစက်နိုင်ခြေရှိသည့် နည်းလမ်းများ၊ သံသယဖြစ်ဖွယ် ရောဂါလက္ခဏာများ၊ ကာကွယ်နိုင်မည့် နည်းလမ်းများ၊ အဆုတ်ရောင်ရောဂါ၏ အဓိကလက္ခဏာများကို နွေရာသီ အခြေခံပန်းချီ သင်တန်း တက်ရောက်နေသော ကျောင်းသား၊ ကျောင်းသူ (၁၁၅) ဦးတို့အား အသိပညာပေး ဟောပြောခဲ့သည်။ ယင်းနောက် ကျောင်းသား၊ ကျောင်းသူများက ဘားအံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ပြသထားသော ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ (COVID-19) လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်အား ကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။
ဘားအံခရိုင်(ပြန်/ဆက်)