ဒေါပုံ ၁၂ မတ်
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်၊ ယမုံနာ (၂) ရပ်ကွက် သက်ကြီး ဘိုးဘွားများ ကျန်းမာရေးစောင့်ရှောက်မှုနှင့် (၃၄၁) ပတ်မြောက် ကုသိုလ်ဖြစ် အာဟာရလှူဒါန်းခြင်းကို မာဃဆွမ်းလောင်း ဓမ္မာရုံကြီး၌ ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျန်းမာရေးစောင့်ရှောက်မှုနှင့် အာဟာရလှူဒါန်းခြင်းတွင် သက်ကြီးအဘိုးအဘွား (၅၄)ဦး အား နံနက်စာအာဟာရအဖြစ် ကြက်သားကြာဇံကျွေးမွေး၍ ဒေါက်တာခင်ဝင်းကြူမှ အဘိုးအဘွားများအား ကျန်းမာရေး စစ်ဆေးပေးခြင်း၊ ဆေးဝါးကုသပေးခြင်းများပြုလုပ်ပေးပြီး တစ်ပတ်စာ ခေါက်ဆွဲခြောက် ထုပ်များ၊ ဆေးဝါးများကို လှူဒါန်းခဲ့သည်။ အဘိုးအဘွားများအား တစ်ဦးလျှင် ၂၀ဝ၀ ကျပ်နှုန်းဖြင့် လှူဒါန်းပေးခဲ့ပြီး ကိုယ်ကာယလေ့ကျင့်ခန်းများလည်း ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ သက်ကြီးဘိုးဘွားများ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကုသိုလ်ဖြစ် လှူဒါန်းခြင်းကို အလှူရှင်များအားလုံးမှ စုပေါင်း၍ အပတ်စဉ် ကြာသပတေးနေ့တိုင်း ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။
သဲစုစုလွင်(ပြန်/ဆက်)