အုတ်ဖို ၁၂ မတ်
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့၊ ရွာမရပ်ကွက်၊ ရွာမ(၅)လမ်းတွင် မီးဘေးသင့် အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းကို ယနေ့ မွန်းလွဲပိုင်းက အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
အဆိုပါ ထောက်ပံ့ပေးအပ်ပွဲတွင် ပဲခူးတိုင်းဒေသကြီး၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းမာနှင့်အဖွဲ့က အုတ်ဖိုမြို့ ရွာမရပ်ကွက်၊ ရွာမ(၅)လမ်းတွင် မတ် ၁၁ရက် နံနက် ၉နာရီအချိန်က မီးလောင်ပျက်စီးခဲ့သော မီးဘေးသင့်နေအိမ်(၄)လုံးအတွက် အိမ်ဆောက် ပစ္စည်ဖိုး ထောက်ပံ့ငွေကျပ် (၈)သိန်း၊ မီးဘေးသင့်နေအိမ်များရှိ လူဦးရေ(၁၄)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ် (၂၉,၄၀ဝ)၊ စုစုပေါင်းထောက်ပံ့ငွေကျပ် (၈၂၉၄၀ဝ)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၉)မျိုးပါ ပလတ်စတစ်ပုံး(၄)ပုံး စုစုပေါင်းတန်ဖိုးငွေကျပ် (၁၅၃,၄၁၂)နှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ ဒုတပ်ရင်းမှူး ဦးမျိုးမင်းထက်နှင့် တပ်ဖွဲ့ဝင်များက ငွေကျပ် (၆)သိန်း တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်းနှင့် အိမ်ဆောက်ပစ္စည်းများကို မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီတို့နှင့် ပူးပေါင်း၍ မီးဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်သူ(အုတ်ဖို)
