ကွမ်းလုံ   ၁၂   မတ်

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းသည် ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွမ်းလုံမြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုနေမှုနှင့် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ယနေ့နံနက် ၉ နာရီက ကြည့်ရှုအားပေးပြီး ညစာကြည့်ဝိုင်းဖွင့်လှစ်၍ အချိန်ပိုသင်ကြားပေးခဲ့သော ဆရာ ဆရာမများအတွက် ထောက်ပံ့ငွေ (၂၁) သိန်းအား ပေးအပ်ထောက်ပံ့ခဲ့သည်။

 

123457998

 

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးသည်  ကွမ်းလုံမြို့နယ် ပြည်သူ့ဆေးရုံရှိ ခွဲစိတ်ခန်းပါ နှစ်ထပ်လူနာဆောင် မြေသန့်ပန္နက်တင် မင်္ဂလာအခမ်းအနားသို့ တက်ရောက်ရာ လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဇေယျနှင့် မြို့မိမြို့ဖ ဦးစိုးလှအေးတို့က မြေသန့်ပန္နက်တင် ဆောင်ရွက်ပေးခဲ့ပြီး ခွဲစိတ်ခန်းပါ နှစ်ထပ်လူနာဆောင် ဆောက်လုပ်မည့် အခြေအနေများကို တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

 

မိုင်းခိုင်ဇော်(ကွမ်းလုံ)

 

12230563