ညောင်ဦး   ၁၂  မတ် 

           

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲမှ အရာထမ်း၊ အမှုထမ်းများ၏ လုပ်ငန်းစွမ်းဆောင်မှု အရည်အသွေး မြင့်မားတိုးတက်စေရန်အတွက် ရှေးဟောင်းပစ္စည်းများ ခေတ်ခွဲခြားခြင်းနှင့် ကမ္ဗည်းကျောက်စာသင်တန်း (၁/၂၀၂၀) ကို မတ် ၁၁ ရက်မှ စတင်ပြီး မတ် ၂၆ ရက်နေ့အထိ  ပုဂံဌာနခွဲတွင် ဖွင့်လှစ်သင်ကြားလျက်ရှိသည်။

           

အဆိုပါသင်တန်းအားဖွင့်ပွဲကို မတ်လ ၁၁ရက်နေ့ ၉နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ ရှေးဟောင်း သုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ပုဂံဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က အဖွင့်အမှာစကား ပြောကြားသည်။

 

ထို့နောက် သုတေသနဌာနစုမှ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းဆွေက ရှေးဟောင်းပစ္စည်းများ ခေတ်ခွဲခြားခြင်းနှင့် ကမ္ဗည်းကျောက်စာသင်တန်း ဖွင့်လှစ်သင်ကြားရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်း ပြောကြားကာ ဒုတိယညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဦးစိန်ဝင်းမှသင်တန်း ပို့ချမည့်အစီအစဉ်နှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြားသည်။

 

အဆိုပါ (၁/၂၀၂၀)ရှေးဟောင်းပစ္စည်းများ ခေတ်ခွဲခြားခြင်းနှင့် ကမ္ဗည်းကျောက်စာသင်တန်းသို့ ရှေးဟောင်း သုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲရှိ အရာထမ်း၊ အမှုထမ်း(၂၅)ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။

                                                                                   

မောင်မောင်ထိန် (ကျောက်ပန်းတောင်း)