မကွေး  ၁၂ မတ်  
   


နှစ်စဉ် တပို့တွဲလဆန်း (၅) ရက်နေ့မှ မြန်မာနှစ်ဆန်း (၁) ရက်နေ့အထိ ကျင်းပမြဲဖြစ်သည့် မန်းရွှေစက်တော်ရာ ဘုရားပွဲတော်ကို  မတ်လ ၁၃ ရက်နေ့မှ စတင်ကာ ပိတ်သိမ်းတော့မည်ဖြစ်ကြောင်း၊ မတ်လ ၁၂ ရက် မွန်းလွဲပိုင်းက တိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက အတည်ပြုပြောကြားခဲ့ကြောင်း သိရသည်။

 

2679

 

ကမ္ဘ့ာကျန်းမာရေးအဖွဲ့က Covid-19 ရောဂါဖြစ်ပွားပျံ့နှံ့မှုကို ကမ္ဘာ့ကပ်ရောဂါ(Pandemic) အဖြစ် သတ်မှတ်ကြေညာထားရှိခြင်း၊ နိုင်ငံရပ်ခြားတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု အခြေအနေအရပ်ရပ်နှင့် ပြည်ထောင်စု အစိုးရ၏ ညွှန်ကြားချက်အရ မန်းရွှေစက်တော်ရာဘုရားပွဲတော်ကို ပိတ်သိမ်းခြင်းဖြစ်ပြီး မတ်လ ၁၃ ရက်နေ့မှ စတင်ကာ ပိတ်သိမ်းနိုင်ရေး စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

7998

 

မင်းဘူး(စကု)မြို့နယ် မန်းရွှေစက်တော်ရာဘုရားပွဲတော်ကို ဇန်နဝါရီလ ၂၉ ရက်နေ့က စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး နှစ်စဉ်ပုံမှန် သင်္ကြန်နှစ်ဆန်းတစ်ရက်နေ့အထိ ကျင်းပမြဲဖြစ်ကာ ယခုနှစ်တွင် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် သတ်မှတ်ရက်မတိုင်မီ ကြိုတင်ပိတ်သိမ်းလိုက်ရခြင်းဖြစ်ကြောင်း သိရသည်။

 

သန်းနိုင်ဦး(ငဖဲ)