ကော့သောင်း  ၁၃   မတ် 

 

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ ကော့သောင်းမြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်း အဆင့်မြှင့်စက်ချုပ် သင်တန်းအမှတ်စဉ် (၁) သင်တန်းဆင်းပွဲ အမ်းအနားကို မတ် ၁၃ ရက် နံနက် ၈ နာရီက ကော့သောင်းမြို့၊ အေးမြကန်သာ ရပ်ကွက်ရှိ အဆိုပါ သင်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ရာ  ကော့သောင်းခရိုင်၊ အုပ်ချုပ်ရေးမှူး ဦးနေဦး တက်ရောက်  သင်တန်းဆင်းအမှာစကားပြောကြားသည်။

 

709

 

ဆက်လက်၍  ခရိုင်အုပ်ချုပ်ရေးမှူးက ထူးချွန်ဆုရ သင်တန်းသူ မကြည်ပြာအေး (ခမောက်ကြီးမြို့) အား ထူးချွန်ဆု ပေးအပ်ချီးမြှင့်ပြီး ကော့သောင်းခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်စန္ဒာဝင်းက သင်တန်းထူးချွန်ဆုရ ကျောင်းသူအားဆုငွေ ငါးသောင်းကျပ် ထပ်ဆင့် ချီးမြှင့်ပေးအပ်သည်။

 

ယင်းနောက် သင်တန်းကျောင်းအုပ် ဒေါ်လေးလေးစံက သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်ပြီး သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

 

1357

 

ထို့နောက် သင်တန်းဆင်းပွဲ အခမ်းအနားသို့တက်ရောက်လာသည့် ဧည့်သည်တော်များက ခင်းကျင်း ပြသထားသည့် သင်တန်းသူများ၏ လက်ရာအဝတ်အထည်နှင့် လက်မှုအနုပညာပစ္စည်းများ အားလိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။

 

အဆိုပါ သင်တန်းကို နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာနမှ နယ်စပ် ဒေသများရှိ ငယ်ရွယ်သူအမျိုးသမီးငယ်များအား အိမ်တွင်းအသက်မွေးမှု အတတ်ပညာများ တတ်မြောက်ကာ ဘဝရပ်တည်နိုင်ရေး ရည်ရွယ်ဖွင့်လှစ်ပေးခြင်းဖြစ်ကာ ယနေ့ပြုလုပ်သည့် သင်တန်းတွင် အဆင့်မြှင့်အိမ်တွင်းမှုစက်ချုပ် သင်တန်းသူ(၅၀)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလ ရက်သတ္တ(၁၈)ပတ်ကြာ ပို့ချသင်ကြား ပေးခဲ့ကြောင်း သိရသည်။

 

1514

 

အလားတူ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း (၃၇)ကျောင်းတွင် သင်တန်းဆင်းပွဲများ ပြုလုပ်ခဲ့ကြရာ သင်တန်းဆင်း အင်အား(၁၉၁၀)ဦး ရှိကြောင်းနှင့်သင်တန်းများ စတင်ဖွင့်လှစ်ချိန်မှ ယခုအချိန်အထိ သင်တန်းဆင်းဦးရေ(၈၉၈၉၆)ဦး လေ့ကျင့်မွေးထုတ်ပေးနိုင်ခဲ့ပြီး အဆိုပါလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုသူ(၄၀၄၉၆)ဦးရှိသဖြင့် ၄၅ ရာခိုင်နှုန်း အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးဆောင်ရွက်ပေး နိုင်ခဲ့ကြောင်း သိရသည်။

 

ကျော်စိုး  (ကော့သောင်း)

 

941