နေပြည်တော် ၁၃ မတ်
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေး၊ (၂၂)ရက် မြောက်နေ့တွင် ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ ဆရာ ဆရာမနှင့် ကျောင်းသား ကျောင်းသူများ၊ လွှတ်တော်ကိုယ်စားလှယ်များမှတဆင့် လာရောက်လေ့လာကြသည့် ပြည်သူများစုစုပေါင်း ၃၅၂ ဦး ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးကို တက်ရောက်လေ့လာကြသည်။

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ စတင်ကျင်းပ သည့်ရက်မှ ယနေ့အထိ လွှတ်တော်သို့လာရောက်လေ့လာသူပေါင်း ၆၈၁၈၇ ဦးရှိပြီး လွှတ်တော်သို့ လာရောက်လေ့လာလိုပါက ပြည်ထောင်စုလွှတ်တော်ရုံး၊ ပြည်သူ့ လွှတ်တော်ရုံးနှင့် အမျိုးသားလွှတ်တော်ရုံးတို့မှ သက်ဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်ထံ လိပ်မူ၍ (၃)ရက် ကြိုတင်ပေးပို့နိုင်ကြောင်း သိရသည်။
သတင်းစဉ်