ကြို့ပင်ကောက်  ၁၄   မတ် 

သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးမှ ကျေးလက်ဒေသမီးလင်းရေး လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော ကျေးရွာလေးရွာတွင် အများပြည်သူသုံး ဆိုလာမီးလင်းရေးလုပ်ငန်းများကို ဇန်နဝါရီလက ရာနှုန်းပြည့်တပ်ဆင်ပြီးစီးခဲ့ကြောင်း သိရသည်။

စစ်တောကျေးရွာတွင် အမကကျောင်း၊ ဘုန်းတော်ကြီးကျောင်းနှင့် လမ်းမီးတိုင်(၄)တိုင်၊ အညှာတန်း ကျေးရွာတွင် အမကကျောင်း၊ ဘုန်းတော်ကြီးကျောင်းနှင့် လမ်းမီးတိုင်(၃)တိုင်၊ စစ်ကုန်း(၂)ကျေးရွာတွင် အမက ကျောင်း၊ ဘုန်းတော်ကြီးကျောင်းနှင့် လမ်းမီးတိုင်(၈)တိုင်၊ သခွပ်ပင်ကျေးရွာတွင် အလကကျောင်း၊ ကျေးလက် ဆေးပေးခန်း၊ ဘုန်းတော်ကြီးကျောင်းနှင့် လမ်းမီးတိုင် (၂၅)တိုင်တို့ကို တပ်ဆင်ပေးခဲ့ပြီးဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးမှ သိရသည်။

အဆိုပါကျေးရွာလေးရွာတွင် ၂၀၁၈ ခုနှစ်က အိမ်ထောင်စုသုံး ဆိုလာမီးလင်းရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ယခု ၂၀၂၀ ခုနှစ်တွင် အများပြည်သူသုံး ဆိုလာမီးလင်ရေးလုပ်ငန်း များကို ဆက်လက်ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်း၊ ဆေးပေးခန်း ဆိုလာစနစ်တစ်ခုချင်းစီအတွက် ငွေကျပ်သိန်း ၄၀ ကျော်ကုန်ကျပြီး လမ်းမီးတိုင်တစ်တိုင်လျှင် ငွေကျပ် ၈ သိန်းကျော်ကုန်ကျခဲ့ကြောင်းသိရသည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)