ရန်ကုန် ၁၄ မတ်

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန်မြို့ရှိ မြန်မာပညာသင် (၆၃) ဦးအား မြန်မာနိုင်ငံမှ အထူးလေယာဉ်ဖြင့် ဖေဖော်ဝါရီ ၂ ရက်က သွားရောက်ခေါ်ဆောင်ရာတွင် ကျန်ရှိခဲ့သော မြန်မာ ပညာသင် ကျောင်းသူကျောင်းသား (၂)ဦးအား အိန္ဒိယနိုင်ငံအစိုးရ၏အကူအညီဖြင့် ဖေဖော်ဝါရီ ၂၇ ရက် တွင် နယူးဒေလီမြို့သို့ ပြန်လည်ခေါ်ဆောင်ခဲ့ပြီး နယူးဒေလီမြို့တွင် စောင့်ကြည့်ကာလ (၁၄) ရက် နေထိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကျောင်းသူကျောင်းသား (၂)ဦး နယူးဒေလီမြို့တွင်ရှိစဉ် မြန်မာသံရုံး၊ နယူးဒေလီမြို့မှ လိုအပ်သည်များ ကူညီပံ့ပိုးပေးခဲ့ပြီး၊ ၎င်းတို့သည် COVID-19 ရောဂါကင်းရှင်းကြောင်း ထောက်ခံချက် ရရှိခဲ့ပါသဖြင့် နယူးဒေလီမြို့မှ ရန်ကုန်မြို့သို့ ယနေ့နံနက်ပိုင်းတွင် ပြန်လည်ရောက်ရှိလာကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရသည်။

MDN
Crd, နိုင်ငံခြားရေးဝန်ကြီးဌာန