မန္တလေး ၁၄  မတ် 

COVID-19 ကြောင့် ယခုနှစ်တွင် မန္တလေးမြို့တော်မဟာသင်္ကြန်ပွဲတော် ကျင်းပတော့မည်မဟုတ်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။

 “လက်ရှိ ကမ္ဘာ့နိုင်ငံတော်တော်များများမှာ COVID-19 ဗိုင်းရပ်စ်ရောဂါဖြစ်ပွားနေပါတယ်၊ မြန်မာနိုင်ငံမှတော့ ယခုအချိန်ထိ မတွေ့ရှိသေးပါဘူး။ ဒါပေမယ့် ကမ္ဘာ့နိုင်ငံတော်တော်များများမှာ ဖြစ်ပွားနေ့တဲ့ COVID-19 ဗိုင်းရပ်စ် ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ယခုနှစ် မန္တလေးမြို့တော်မဟာသင်္ကြန်ပွဲတော်ကျင်းပတော့မှာ မဟုတ်ပါဘူး၊ တချို့ ကိုယ့်ရပ်ကွက်အလိုက်၊ မိသားစုအလိုက် ပျော်ကြတာတွေ၊ရေကစားကြတာတွေတော့ ရှိကောင်းရှိနိုင်ပါတယ်၊ ဒီအပေါ်မှာတော့ ဘာမှဝေဖန်စရာမရှိပါဘူး၊ ဒါပေမယ့် လူစုလူဝေးနဲ့ ပွဲလမ်းသဘင် ကျင်းပတာမျိုးတော့ ခွင့်ပြုမှာမဟုတ်ပါဘူး” ဟု မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့် က ပြောကြားသည်။

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီတွင် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ယူ ဆောက်လုပ်နေတဲ့ ဆောက်လက်စမဏ္ဍာပ်ကိုလည်း ယနေ့ဖျက်သိမ်းသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

သန်းဇော်မင်း(ပြန်/ဆက်)