မြိုင်   ၁၄      မတ်   

မကွေးတိုင်းဒေသကြီး   မြိုင်မြို့နယ်၌ ကိုရိုနာဗိုင်းရပ်စ်ကြောင်း အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲ ၁ နာရီက   ကျောက်ဆောက်ကျေးရွာတွင် ကျင်းပခဲ့သည်။

ဟောပြောပွဲတွင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဖြိုးမွန်မွန်ထွန်းက ကိုရိုနာဗိုင်းရပ်ရောဂါ ကူးစက်နိုင်ခြေရှိသည့် နည်းလမ်းများ၊  သံသယဖြစ်ဖွယ် လက္ခဏာများကာကွယ်နိုင်သည့်နည်းလမ်းများ အကြောင်းနှင့်ရောဂါမဖြစ်ပွားမီကြိုတင်ကာကွယ်ရန် နည်းလမ်းများတို့ကို အသိပညာပေးဟောပြောခဲ့သည်။

 

‌ေ

 

အဆိုပါဟောပြောပွဲသို့ ကျေးရွာဒေသခံများ၊ စက်ရက်ကန်းလုပ်ငန်းရှင်များ တက်ရောက်ခဲ့ပြီး ပြန်/ဆက်ဦးစီးဌာနမှ ကိုရိုနာဗိုင်းရပ်စ် ရောဂါ (COVID – 19) အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။


ဇော်ဇော်၊ သူရ