၁၄ မတ်

 

လားရှိုးခရိုင် ကြက်ခြေနီ ကြီးကြပ်မှုကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးစိုးနိုင်၊ အဖွဲ့ဝင် ဦးစိုင်းထွန်းအေးနှင့် ၁၀၅ မိုင် ကြက်ခြေနီအသင်းခွဲမှ တပ်ခွဲမှူး ဦးသန့်ဇင် ဦးဆောင်သည့် ကြက်ခြေနီ စေတနာ့လုပ်အားရှင်များသည် ကုန်သွယ်ရေးဇုန် နယ်မြေအတွင်းရှိ အရှေ့မြောက်တံခါးရှိ နှစ်နိုင်ငံ သစ်သီးရောင်းဝယ်ကွင်း အပါအဝင် ယာဉ်အဝင်အထွက် ဂိတ်များတွင် COVID - 19 ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ဝယ်လက်များ၊ ကုန်သည်များ၊ ပွဲရုံပိုင်ရှင်များ၊ ပွဲစားများ၊ အသီးရောင်းဝယ်နေကြသူများနှင့် ယာဉ်မောင်းများကို ကိုယ်ပူချိန်တိုင်းခြင်း၊ လက်များကို လက်ဆေးဂျယ်လ်ဖြင့် လည်းကောင်း၊ လက်ဆေးဆပ်ပြာဖြင့် လည်းကောင်း ဆေးကြောပေးခြင်းနှင့် Masks များ အခမဲ့ပေးဝေခြင်းများ ပြုလုပ်ခဲ့သည်။

 

ဆက်လက်၍ ကြက်ခြေနီ စေတနာ့လုပ်အားရှင်များသည် အသီးရောင်းဝယ်ကွင်းတွင်လည်း အသီးရောင်းစင်ပေါ်တက်၍ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေး အသိပညာပေးခြင်းများကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စာတန်းများကိုင်ဆောင်၍ လော်စပီကာဖြင့် နှိုးဆော်အသိပေးခဲ့သည်။

 

အဆိုပါ အသီးရောင်းဝယ်ကွင်းကို မတ် ၁၄ ရက်တွင် ဖရဲသီးကား ၂၆၄ စီး၊ သခွားသီးကား ၂၂၈ စီး၊ ဖရုံသီးကား ၁ စီး ဝင်ရောက်ရောင်းချခဲ့ရာ အဆိုပါ ယာဉ်မောင်းများကိုပါ ကြက်ခြေနီစေတနာ့ လုပ်အားရှင်များက ကိုယ်ပူချိန်တိုင်းပေးခြင်းနှင့် ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်ပြီး COVID-19 ကာကွယ်ရမည့် နည်းလမ်းများကို အသိပေးနှိုးဆာ်ခဲ့ကြောင်း သိရသည်။

 

သန့်ဇင် (မူဆယ်)