ကန့်ဘလူ ၁၅ မတ်

 

စစ်ကိုင်းတိုင်းဒသေကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ အစိုးရစက်မှုလက်မှုသိပ္ပံ(ကန့်ဘလူ)ကျောင်း၌ ကာလတို သက်မွေးပညာသင်တန်း အပတ်စဉ်(၁၊ ၂၀၂၀) သင်တန်းဆင်းပွဲနှင့် သင်တန်းဆင်းလက်မှတ် ပေးအပ်ပွဲကို မတ် ၁၅ ရက် နံနက် ၁၀ နာရီကကျင်းပရာ ဒုတိယကျောင်းအုပ်ဆရာမကြီး ဒေါက်တာယဉ်ယဉ်ဝင်းနှင့် ဌာနမှူးများ၊ ဆရာဆရာမများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ဒုတိယကျောင်းအုပ်ဆရာမကြီး ဒေါက်တာယဉ်ယဉ်ဝင်းက ဒေသတွင်း အလုပ်အကိုင် အခွင့်အလမ်းများရရှိရေးအတွက် သင်တန်းတွင် သက်မွေးပညာရပ်များ သင်ကြားပေးခဲ့ကြသော သင်တန်းနည်းပြ ဆရာဆရာမများကို ကျေးဇူးတင်ကြောင်း၊ သင်တန်းသားများအနေဖြင့်လည်း ပညာရပ်များ ပိုမိုတတ်ကျွမ်းလာစရေန် ဆက်လက်ဆည်းပူးလေ့လာကြရန် လိုအပ်ကြောင်း၊ ဆက်လက် ဖွင့်လှစ်မည့် ကာလတိုသက်မွေးပညာ သင်တန်းတွင် ဒေသနှင့်ကိုက်ညီသည့် သင်ကြားလိုသည့် ဘာသာရပ်များကို အကြံပြုဆွေးနွေးစေလိုကြောင်း ပြောကြားခဲ့သည်။

 

၁

 

ထို့နောက် ဒုတိယကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ရှိသူများက သင်တန်းဆင်း လက်မှတ်များကို သင်တန်းသား၊ သင်တန်းသူများအား ပေးအပ်ခဲ့ပြီး သင်တန်းသားတစ်ဉီးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

 

အဆိုပါ ကာလတိုသက်မွေးပညာသင်တန်းအား ဖေဖော်ဝါရီ ၁၅ ရက်မှ မတ် ၁၄ ရက်ထိ သင်ကြားပေးခဲ့ရာ သင်တန်းသားစုစုပေါင်း ၆၇ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

အောင်ဝင်းငြိမ်း(ကန့်ဘလူ)