မကွေး  ၁၆   မတ်  

 

မကွေးမြို့ မြို့မဈေးကြီးတွင် ကြွပ်ကြွပ်အိတ် သုံးစွဲမှုလျှော့ချရေးနှင့် အစားထိုးအသုံးပြုရေး(Sunday Stop) လှုပ်ရှားမှုအဖြစ် ဌာနပေါင်းစုံ ပူးပေါင်းပါဝင်သည့် အဖွဲ့များက မတ်လ ၁၅ ရက် နံနက်ပိုင်းက အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

297

 

ယင်းသို့ ဆောင်ရွက်မှုကို မကွေးတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ ကြီးကြပ်မှုကော်မတီမှ  ကြွပ်ကြွပ်အိတ် သုံးစွဲမှုလျှော့ချရေးနှင့် အစားထိုးအသုံးပြုရေး လမ်းညွှန်ချက်နှင့်အညီ (Sunday Stop) လှုပ်ရှားမှုအဖြစ် အပတ်စဉ် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

 

425

 

ထိုဆောင်ရွက်မှုတွင် မကွေးတိုင်းဒေသကြီးအတွင်း တနင်္ဂနွေနေ့တိုင်း ဈေးများ၌ ကြွပ်ကြွပ်အိတ် မသုံးရန် သတ်မှတ်ထားရှိပြီး ကြွပ်ကြွပ်အိတ် အသုံးပြုခြင်း၏ ဆိုးကျိုးများ အသိပညာပေး ဟောပြော ပေးခြင်း၊ ကြွပ်ကြွပ်အိတ်ဖြင့် ဝယ်ယူလာသော ပစ္စည်းများအားအစားထိုး လဲလှယ်ပေးခြင်း၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ဈေးရောင်း/ဈေးဝယ်သူများအား ကြွပ်ကြွပ်အိတ်သုံးစွဲမှု လျှော့ချရေးနှင့် အစားထိုးအသုံးပြုရေး လမ်းညွှန်ချက် ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို(Sunday Stop)လှုပ်ရှားမှုအဖြစ် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

သန်းနိုင်ဦး (ငဖဲ)

 

567