မြိတ်   ၁၆   မတ် 

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ နွေရာသီကြက်ခြေနီ လူငယ်လေ့ကျင့်ရေး စခန်းသွင်းသင်တန်းကို  နှစ်စဉ် ပညာရေးဌာနနှင့်  ကြက်ခြေနီကြီးကြပ်မှု ကော်မတီတို့ ပူးပေါင်းဖွင့်လှစ်လျက်ရှိရာ ယခုနှစ်တွင် Covid-19 (ကမ္ဘာ့ကပ်ရောဂါ)သည် ကမ္ဘာနိုင်ငံအသီးသီး၌ ကူးစက်မှုများဖြစ်ပွားနေသဖြင့် ကြိုတင်ကာကွယ်သည့် အနေဖြင့် ဖွင့်လှစ်ခြင်းမပြုတော့ဘဲ ရပ်နားလိုက်ကြောင်း မြို့နယ်ကြက်ခြေနီ အသင်းခွဲမှ သိရသည်။

 

45

 

 “ Covid-19 ရောဂါဟာ နိုင်ငံပေါင်း(၁၀ဝ)ကျော် ကူးစက်နေပါပြီ။ အရှေ့တောင်အာရှမှာ မြန်မာနှင့် လာအို နှစ်နိုင်ငံပဲ ကျန်ပါတယ်။ အခြေအနေဆိုတာ မပြောနိုင်ပါ။ တစ်မျိုးသားလုံး၏ အရေးကိစ္စ ဖြစ်သည့်အတွက် ကြိုတင်ကာကွယ်သည့်အနေနဲ့ မနေ့က မြိတ်မြို့နယ်ကြက်ခြေနီအသင်းရုံးမှာ ကျင်းပတဲ့ ကြက်ခြေနီအသင်း အလုပ်အမှုဆောင် ညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်အရ ဖွင့်လှစ်ခြင်း မပြုတော့ဘဲ ရပ်နားလိုက်တာဖြစ်ပါတယ် ဟု တနင်္သာရီတိုင်းဒေသကြီး ကြက်ခြေနီသူနာပြုတပ်ဖွဲ့ အုပ်ချုပ်ရေးအဖွဲ့ ဒုတိယတိုင်းတပ်ဖွဲ့မှူး ဒေါ်အေးအေးသန်းက ပြောသည်။ 

 

5

 

နွေရာသီကြက်ခြေနီ လူငယ်လေ့ကျင့်ရေး စခန်းသွင်းသင်တန်းကို နှစ်စဉ်ဖွင့်လှစ်လာသည်မှာ ယခုနှစ် ဆိုလျှင် (၅၃) ကြိမ်မြောက် ရှိပြီဖြစ်ပြီး သင်တန်းကို လူငယ်လူရွယ်ဘဝမှစပြီး လုပ်ငန်းစွမ်းရည်များ ပြည့်ဝစွာဖြင့် လူမှုဂရုဏာလုပ်ငန်းများကို ပြည်သူလူထုအတွင်း ပြည်သူ့အကျိူး သယ်ပိုးဆောင်ရွက် နိုင်ရန်နှင့် သဘာဝဘေး အန္တရာယ်များ လျော့ပါးရေး၊ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ၊ ရှေးဦးပြုစုခြင်း လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်တတ်လာစေရန် ရည်ရွယ်ချက်များဖြင့် နှစ်စဉ်ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း၊  နွေရာသီကြက်ခြေနီ လူငယ်လေ့ကျင့်ရေး စခန်းသွင်းသင်တန်းကို နှစ်စဉ်  မြိတ်ခရိုင်အတွင်းရှိ သင်တန်းသား အလယ်တန်း၊ အထက်တန်း၊ တက္ကသိုလ်ကျောင်းများမှ ကျောင်းသား ကျောင်းသူ (၃၀ဝ)ခန့် တက်ရောက်ကြကြောင်း သိရသည်။

             

             

ခိုင်ထူး (မြိတ် ပြန်/ဆက်)