ကျောင်းကုန်း   ၁၆   မတ်

 

ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အေးချမ်းသာယာ ခန်းမ၌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးဝင်းက မြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက် ၅ ခုနှင့် ကျေးရွာအုပ်စု ၆၅ အုပ်စုမှ ယနေ့နံနက် ၉ နာရီခွဲက အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများအား တွေ့ဆုံကာ ပြည်ပမှ ပြန်လာသူများရှိပါက အချိန်နှင့် တစ်ပြေးညီ သတင်းပေးပို့ရန်  မှာကြားခဲ့ကြောင်း သိရသည်။

 

200319

 

အသက်ရှူလမ်းကြောင်းဆိုင်ရာ COVID-19 ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးသည် လူစုလူဝေးများပြားရာ နေရာတွင် လျင်မြန်စွာ ကူးစက်နိုင်သည့်အတွက် ပြည်သူလူထုအနေဖြင့် အခမ်းအနားများ၊ ပွဲလမ်း သဘင်များကို ဧပြီလ (၃၀)ရက်နေ့ အထိ မပြုလုပ်ရန် နိုင်ငံတော်သမ္မတရုံးမှ ညွှန်ကြားထားသဖြင့် ပြည်ပမှ ပြန်လာပြီး မိမိတို့ဇာတိရပ်ရွာ၌ အလှူမင်္ဂလာပွဲများ လာရောက်သူရှိပါက  အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့ရန် ကျန်းမာရေးအခြေအနေကို မျက်ခြေမပြတ်စောင့်ကြည့်ရန် မြို့နယ်အုပ်ချုပ်ရေးမှူးက မှာကြားခဲ့ကြောင်း သိရသည်။

 

ဝင်းကြိုင်(ပြန်/ဆက်)