ဂန့်ဂေါ ၁၆ မတ်
COVID – 19 အဆုတ်ရောင်ရောဂါ ကြိုတင်ကာကွယ်ရေး ကျန်းမာရေးလုပ်ငန်းများ အသိပညာပေး ရှင်းလင်းပွဲကို မတ် ၁၆ ရက် နံနက် ၁၀ နာရီက ဂန့်ဂေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ပြုလုပ်သည်။
ရှင်းလင်းပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်အေးက အမှာစကားပြောကြားပြီး ဂန့်ဂေါခရိုင် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအောင်ဆန်းလင်း က COVID – 19 အဆုတ်ရောင်ရောဂါ ကြိုတင်ကာကွယ်ရေး ကျန်းမာရေးလုပ်ငန်းများအကြောင်းနှင့် ဆောင်ရန်၊ ရှောင်ရန် အချက်အလက်များ ကို ရှင်းလင်းဟောပြော ဆွေးနွေးသည်။
ဟောပြောပွဲသို့ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ တက်ရောက်ကြသည်။
၁၄၄


