ဖာပွန် ၁၆ မတ်
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် ဒေသခံတောင်သူများ မြေဩဇာအချိုးညီ စနစ်တကျ ကျွေးနိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က ဖာပွန်မြို့နယ်၊ ဝှေဆန်ကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမြင့်စိုးက တောင်သူများ မြေဩဇာအချိုးညီ စနစ်တကျ ကျွေးနိုင်ရန်အတွက် (IHTDV) ဘက်စုံစံပြစိုက်ခင်း ဧရိယာအတွင်း ကိုယ်စားပြု မြေနမူနာယူခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး၊ (မြေ၊ မျိုး၊ ပိုး)တာဝန်ခံနှင့် ဝန်ထမ်းများက မြေဩဇာအချိုးညီ စနစ်တကျကျွေးနိုင်ရေး အသုံးပြုပုံအဆင့်ဆင့်ကို လက်တွေ့သရုပ်ပြသခဲ့ကြောင်းသိရသည်။
စိုင်းကျော်ဝဏ္ဏ၊တိုးဝေဇင်(ပြန်/ဆက်)


