နေပြည်တော် ၁၆ မတ်
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က COVID-19 ကို ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအဖြစ် ကြေညာခဲ့ပြီးနောက် နိုင်ငံတော်သမ္မတရုံး၏ မတ် ၁၃ ရက် ကြေညာချက်ကို အလေးထား သောအားဖြင့် မတ် ၂၆ ရက်တွင် ရန်ကုန်မြို့ Sedona ဟိုတယ်၌ ကျင်းပမည့် ဘင်္ဂလားဒေ့ရှ် ပြည်သူ့သမ္မတနိုင်ငံ လွတ်လပ်ရေးနေ့နှင့် အမျိုးသားနေ့ အခမ်းအနားကို ရက်ရွှေ့ဆိုင်း လိုက်ကြောင်း ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသံရုံးမှ သိရသည်။
(သတင်းစဉ်)


