လွိုင်ကော် ၁၆ မတ်
ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းရှိ ဘာသာ၊ သာသနာဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို တတ်စွမ်းသမျှ ဖြည့်ဆည်းပံ့ပိုးပေးလျက်ရှိရာ ယနေ့ မွန်းလွဲ ၂ နာရီအချိန်တွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ သယံဇာတနှင့် သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတီရယ်တို့က ကယားဖူးနှစ်ခြင်း အသင်းတော်အဖွဲ့၏ နှစ်စဉ်ကျင်းပမြဲဖြစ်သော (၃၆) ကြိမ်မြောက် ဓမ္မသဘင်နှင့် သင်းလုံးကျွတ်အစည်းအဝေး ပြုလုပ်ဆောင်ရွက်နိုင်ရန်အတွက် ရန်ပုံငွေကျပ်သိန်း (၂၀) အား ကယားဖူးနှစ်ခြင်းအသင်းတော် သိက္ခာတော်ရဆရာတော် ခူးရယ်ကျော်ထူးနှင့် တာဝန်ရှိသူထံ ထောက်ပံ့ပေးခဲ့သည်။
ဓမ္မသဘင်နှင့် သင်းလုံးကျွတ်အစည်းအဝေးကို ရှားတောနှစ်ခြင်းခရစ်ယာန် အသင်းတော်ဘုရားကျောင်းတွင် ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထွန်းလေး


