ကန်ကြီးထောင့် ၁၇ မတ်

 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် စိုက်ပျိုး‌ရေးဦးစီးဌာနနှင့် ကိုရီးယားနိုင်ငံ ရာသီဥတုပြောင်းလဲမှု ဗဟိုဌာနတို့ပူးပေါင်း၍ ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ လျှပ်စစ်မီးမရရှိသေးသည့် ကျေးရွာအုပ်စု (၃၁)အုပ်စုသို့ ဖေဖော်ဝါရီလမှစတင်ကာ စွမ်းအားမြှင့်မီးဖိုများ ကွင်းဆင်းဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။

 

အဆိုပါ လုပ်ငန်းဆောင်ရွက်ရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးကြည်မိုးနှင့်ဝန်ထမ်းများက ပထမအကြိမ်အဖြင့် ကျေးရွာအုပ်စု (၃၁) အုပ်စုမှ အိမ်ထောင်စုပေါင်း (၁၃၅၀ဝ) အတွက် စွမ်းအားမြှင့်မီးဖို (၁၃၅၀ဝ)ကို ပြည်သူများ၏ လက်ဝယ်အရောက် အခမဲ့ ကွင်းဆင်းဖြန့်ဖြူး ပေးလျက်ရှိပြီး မီးဖိုသုံးစွဲပုံများနှင့် အကျိုးကျေးဇူးများကိုလည်း အသိပညာပေး ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

 

ကျေးရွာများတွင် ထင်းသုံးစွဲမှုလျှော့ချရေး၊ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုလျှော့ချနိုင်ရေးနှင့် သစ်တောပြုန်းတီးမှုမှ ကာကွယ်နိုင်ရေး ရည်ရွယ်ပြီး စွမ်းအားမြှင့်မီးဖိုများကို အခမဲ့ ဖြန့်ဖြူးပေးခြင်းဖြစ်ပြီး ဒုတိယအကြိမ် ဖြန့်ဝေမှုတွင်ပါဝင်သည့် ကျေးရွာအုပ်စု (၃၃)အုပ်စုမှ အိမ်ထောင်စုပေါင်း (၁၃၅၀ဝ)ကိုလည်း စွမ်းအားမြှင့်မီးဖိုများ အခမဲ့ ဆက်လက်ဖြန့်ဖြူးပေးသွားမှာဖြစ်‌ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးကြည်မိုးထံမှ သိရသည်။

 

နန်းထိုက် (KGD)