နမ့်ဆန် ၁၇ မတ်
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် နယ်ဝေးမှ ဝင်ရောက်လာသည့် ခရီးသည်များအား COVID-19 ကိုရိုနာဗိုင်းရပ်စ် ရှိ/မရှိ စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းကို ယမန်နေ့ညနေ ၅ နာရီအထိ မြို့နယ်ပြည်သူ့ဆေးရုံရှေ့တွင် စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နမ့်ဆန်မြို့နေ့ ပြည်သူများ COVID-19 ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုမရှိစေရေး ကြိုတင်ကာကွယ်ခြင်း လုပ်ငန်းကော်မတီဖြစ်သည့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌနှင့် ထွေ/အုပ် ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် COVID-19 စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းကော်မတီ အဖွဲ့တို့က မူဆယ်၊ လားရှိုး၊ သီပေါ၊ ကျောက်မဲ၊ မန္တလေးနှင့် အခြားသောမြို့နယ်နယ်များမှ ဝင်ရောက်လာသည့် ခရီးသည်ယာဉ်များ၊ ဆိုင်ကယ်များဖြင့် ဝင်ရောက်လာသည့် ခရီးသည်များကို တရုတ်နိုင်ငံမှ ဝင်ရောက်လာသည့် ခရီးသည်များ ပါရှိခြင်း ရှိ/မရှိ၊ စစ်ဆေးပြီး အပူချိန်တိုင်း တာစက်ဖြင့် တိုင်းတာခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် COVID-19 ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးနှင့်ပတ်သက်၍ လူအချင်းချင်းကူးစက်ပြန့်ပွားမှုမရှိလေအောင် လက်ဆေးခြင်းအသိပညာကို အသိပညာပေးပြီး ယမန်နေ့အထိ စစ်ဆေးချက်အရ ရောဂါဖြစ်ပွားသူ သံသယလူနာမရှိသေးကြောင်း သိရသည်။
အောင်မိုး (နမ့်ဆန် ပြန်/ဆက်)


