ကျိုင်းတုံ ၁၇ မတ်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ နှစ်စဉ်ကျင်းပလျက်ရှိသော စော်ဘွားဈေးနေ့ကို ယမန်နေ့က ပါလျန်တံခါးအနီး၊ စော်ဘွားကြီးအုတ်ဂူရှေ့၊ လွိုင်မွေလမ်းတွင် ကျင်းပသည်။
ကျိုင်းတုံမြို့တွင် တစ်နှစ်လျှင်တစ်ရက်သာ ရှေးဓလေ့ရိုးရာအစဉ်လာမပျက် ရောင်းချလေ့ရှိသည့် စော်ဘွားဈေးကို လာရောက်သူများအားလုံးသည် ကောင်းသောမင်္ဂလာနှင့်ပြည့်စုံပြီး ၎င်းဈေးတွင် ရောင်းချသောပစ္စည်းများ ဝယ်ယူပါက ကျန်းမာရေး၊ စီးပွားရေးကောင်းမွန်သည်ဟု ယူဆကာ မြို့သူ၊ မြို့သားများ၊ ဧည့်သည်များနှင့် ကလေးငယ်များမှစ၍ သက်ကြီးရွယ်အိုများအထိ စော်ဘွားဈေးသို့ လာရောက်ဝယ်ယူကြကြောင်းသိရသည်။
Covid-19 ကမ္ဘာ့ကပ်ရောဂါသည် ကမ္ဘာ့နိုင်ငံအသီးသီး၌ ကူးစက်မှုများဖြစ်ပွားနေသဖြင့် ကြိုတင်ကာကွယ်ရေးအတွက် အဆိုပါ စော်ဘွားဈေးနေ့တွင် စော်ဘွားကြီးများအား ဂါရဝပြုခြင်းအားဖြင့် ပုံမှန်ဈေးရောင်းချခြင်းများခွင့်ပြုပြီး ပွဲတော်ကျင်းပခြင်းများကို မပါဝင်ကြောင်းသိရသည်။
အောင်ဇင်မြင့်


