မြို့သစ် ၁၇ မတ်
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်နယ်၌ ကိုရိုနာဗိုင်းရပ်စ်အကြောင်း အသိပညာပေးခြင်း လှုပ်ရှားဆောင်ရွက်မှုများကို ယမန်နေ့ နံနက်ပိုင်းက မြို့မဈေးနှင့် နွားဈေးသို့သွားရောက်ကာ ကိုရိုနာ ဗိုင်းရပ်စ် အကြောင်းလှုံ့ဆော်ပညာပေး လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်နိုင်ခြေရှိသည့် နည်းလမ်းများ၊ သံသယဖြစ်ဖွယ် လက္ခဏာများ ကာကွယ်နိုင်သည့် နည်းလမ်းများ အကြောင်းနှင့် ရောဂါမဖြစ်ပွားမီ ကြိုတင်ကာကွယ်ရန် နည်းလမ်းတို့ကို အသိပညာပေးခြင်း ဆောင်ရွက်ရာတွင် မြို့သစ်မြို့မဈေးအတွင်း ဈေးရောင်းချသူများ၊ ဈေးဝယ်လာသူ မိဘပြည်သူများနှင့် အနယ်နယ် အရပ်ရပ်မှ နွားရောင်း/နွားဝယ်လာရောက်ကြသူ အပေါင်းတို့အား စိုးရိမ်ထိပ်လန့်မှု မဖြစ်ပွားစေရန် လှုံ့ဆော် ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ အသိပညာပေးခြင်း ဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ ရပ်ကျေးစာရေးများ၊ မြို့သစ်မြို့နယ် ရဲတပ်ဖွဲ့ရဲမှူးနှင့် တပ်ဖွဲ့ဝင်များ အမျိုးသမီးရေးရာ ဥက္ကဌနှင့်အဖွဲ့ဝင်များ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကျန်းမားရေးဝန်ကြီးဌာနမှ ကျန်းမာရေး ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ စည်ပင်သာယာရေး ဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်မှုဖြင့် ကိုရိုနာဗိုင်းရပ်စ် ရောဂါ(COVID-19)အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဇော်ဇော်(မြို့သစ်)


