တနင်္သာရီ  ၁၇  မတ်

 

၂၀၂၀ ပြည့်နှစ် ၊ တက္ကသိုလ်ဝင်စာမေးပွဲ ၊ ရူပဗေဒဘာသာရပ်တွင်  တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်းရှိ စာစစ်ဌာန(၄)ခုတွင် မတ်လ ၁၇ ရက် နံနက် ၉ နာရီမှ ၁၂ နာရီ  အထိ၊ အတွင်းဖြေဆိုသူနှင့် ပြင်ပဖြေဆိုရန်  စာရင်းရှိကျောင်းသူ/ကျောင်းသား(၁၈၄၉)ဦးအနက်၊ (၁၇၀၆)ဦး ဖြေဆိုကြပြီး၊ (၁၄၃)ဦး ဖြေဆိုရန်ပျက်ကွက်ခဲ့သဖြင့် ဖြေဆိုမှုရာနှုန်းမှာ (၉၂ ဒသမ ၂၇)ဖြစ်ကြောင်း သိရှိရသည်။

 

2003

 

ယနေ့ ရူပဗေဒ ဘာသာရပ်တွင်  အထက-တနင်္သာရီ စာစစ်ဌာနမှ ဖြေဆိုရန် ကျောင်းသူ/ကျောင်းသား (၆၁၄)ဦးရှိပြီး ဖြေဆိုသူ(၅၆၅)ဦး၊ ပျက်ကွက်(၄၉)ဦးဖြစ်သည်။  အထက-တကူ စာစစ်ဌာနတွင် ဖြေဆိုရန် (၅၆၃)ဦး ရှိပြီး၊ ဖြေဆိုသူ(၅၂၀)ဦး၊ ပျက်ကွက်(၄၃)ဦး၊  အထက -ညောင်ပင်ကွင်းစာစစ်၌ ဖြေဆို ရန်စာရင်းရှိ(၂၈၅)ဦးအနက် ဖြေဆိုသူ(၂၆၇)ဦး၊ ပျက်ကွက် (၁၈)ဦးနှင့် အထက-မော်တုန်း စာစစ်ဌာနတွင် ဖြေဆိုရန် (၃၈၇) ဦး စာရင်းရှိပြီး၊ (၃၅၄)ဦးဖြေဆို၍ ပျက်ကွက်သူ(၃၃)ဦး ဖြစ်သည်။

 

0311

 

သို့ပါ၍ ယင်းမြို့နယ် စာစစ်ဌာန(၄)ခုတွင်  ရူပဗေဒဘာသာရပ်ဖြေဆိုကြမည့် ကျောင်းသူ/ကျောင်းသား (၁၇၀၆)ဦး တို့သည် ကြီးကြပ်ရေးမှူး/ လက်ထောက်ကြီးကြပ်ရေးမှူးများမှ ကြီးကြပ်လျက် COVID-19 ရောဂါကြိုတင် ကာကွယ်ရေးအတွက် ဆပ်ပြာရည်ဖြင့် လက်ဆေးကြောခြင်း/ (TuLip) ရေမလို လက်သန့်ဆေးရေ အသုံးပြုခြင်းတို့ဖြင့်  စိတ်အေးချမ်းသာစွာ စာမေးပွဲကို ဖြေဆိုကြကြောင်း မြို့နယ်ပညာ ရေးမှူးရုံးမှ သိရှိရသည်။

 

083

 

ထို့အပြင် အထက-တနင်္သာရီစာစစ်ဌာနမှ တက္ကသိုလ်တင်စာမေးပွဲဖြေဆိုကြမည့် ကျောင်းသူ /ကျောင်းသားများ အသုံးပြုနိုင်ရန်အတွက်  အလှူရှင် ဦးအောင်စည်ဖြိုး (ချောင်းငယ်ရပ်ကွက် အုပ်ချုပ်ရေးမှူး မှူး) နှင့် စာရေးဝန်ထမ်းတို့မှ ခဲတံ၊ ခဲဖျက်၊ ဘောလ်ပင်၊ ပေတံ(အတို/အရှည်)များ နေ့စဉ်(အခမဲ့) လှူဒါန်းပေးလျက်ရှိကြောင်း သိရှိရသည်။

 

သတင်းနှင့်ဓါတ်ပုံ-နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)

 

4450