မိုးမောက် ၁၇ မတ်
ကချင်ပြည်နယ် မိုးမောက်မြို့မဈေးတွင် ရောင်းချလျက်ရှိသော အစားအသောက်များ၊ အလှကုန် ပစ္စည်းများ၊ တားမြစ်ဆေးဝါးများ ရောင်းချမှုရှိ မရှိ စစ်ဆေးခြင်းတို့ကို ယနေ့ နံနက် ၇ နာရီက ကချင်ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကာကွယ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ပူးပေါင်းအဖွဲ့ဝင် များက စစ်ဆေးခဲ့ရာ သက်တမ်းလွန်ဆေးဝါးများနှင့် ဟင်းသီးဟင်းရွက်များတွင် ဓာတုဗေဒဆေးများ သုံးစွဲရောင်းချခြင်း မရှိကြောင်း သိရသည်။
လွန်းနန်းထွေး


