ခန္တီး   ၁၇  မတ်

 

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့၌ Covid-19 လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကာကွယ်ရေးနှင့် ကုသရေး ဆိုင်ရာလုပ်ငန်းများ အသိပေးဆွေးနွေးပွဲကို ယနေ့ နံနက့် ၁၀ နာရီက ခရိုင်အထွေထွေ အုပ်ချုပ်ရေး အစည်းဝေးခန်းမတွင် ကျင်းပသည်။

 

10

 

ဆွေးနွေးပွဲတွင် ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးလှမျိုးက အမှာစကားပြောကြားပြီး တိုင်းဒေသကြီး ကျန်းမာရေးဦးစီးမှူး ဒေါက်တာဝင်းလွင်က Covid-19 ရောဂါသည် ကူးစက်မြန်သည့်ရောဂါဖြစ်ကြောင်း၊ ဖျားနာ၊ ချောင်းဆိုးဖြစ်ခဲ့သော် ပြည်သူများက နီးစပ်ရာ မြို့နယ်ကျေးလက်ကျန်းမာရေးဌာနကို အသိပေးဖို့ လိုကြောင်းနှင့် ရောဂါစောင့်ကြပ်ကြည့်ရှုမှု စံလုပ်ငန်းစဉ်များကို Power Point ဖြင့် ရှင်းလင်း ဆွေးနွေးသည်။

 

ယင်းနောက် တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းရာ တိုင်းကူးစက်ရောဂါ ကြီးကြပ်ကွပ်ကဲရေးအဖွဲ့မှ ဒေါက်တာကျော်သူဆွေနှင့် တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက Covid-19 ရောဂါနှင့် ပတ်သက်၍ ထုတ်ဝေထားသည့် အသိပညာပေး လက်ကမ်းစာစောင်ကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

စနေမောင်(ခန္တီး)