ရန်ကုန်  ၁၇  မတ်

 

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် (င)ရပ်ကွက်နှင့် ထိစပ်နေသော ငမိုးရိပ်ချောင်းဘေးတစ်လျှောက်တွင် ကမ်းထိန်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

အဆိုပါ ရပ်ကွက်သည် နှစ်စဉ်မိုးတွင်းကာလ ချောင်းရေများတိုက်စားမှုကြောင့် မကြာခဏ ကမ်းပြိုခြင်းများ၊ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ပြီး ယခုနှစ်တွင် ကမ်းပြိုခြင်းအန္တရာယ်မှ ကာကွယ်ရန် ကမ်းထိန်းဆောင်ရွက်ခြင်းလုပ်ငန်းများကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ ပြည်ထောင်စုရန်ပုံငွေ ကျပ်သိန်း ၄၅၀ဝ ဖြင့် (၅)လကျော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

 

ထို့သို့ ဆောင်ရွက်ရာတွင် (င)ရပ်ကွက်ရှိ ဝဇီယာ ရေထိန်းတံခါးထိပ်နှင့် သန္တာရေထိန်းတံခါးထိပ်ကြားတွင်  အလျား ၁၆၂၀ ပေ၊ နွယ်နီရေထိန်းတံခါးထိပ်တွင် အလျား ၃၀ဝ ပေ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း (င)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဒေါ်မွန်မွန်အောင် ထံမှ သိရသည်။

 

 

မြမြဝင်း(ပြန်/ဆက်)

 

mdn