တွန်းဇံ ၁၇ မတ်
အထွက်နှုန်းကောင်းမွန်သည့် ဝဥမျိုးကောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ချင်းပြည်နယ်၊ တွန်းဇံမြို့ စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးကိုဆန်းက ဝဥစိုက်ပျိုးမည့်တောင်သူများအား ဝဥမျိုးစေ့များ ပြန့်ပွားရေးလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေနှင့် ဝဥမျိုးစေ့များ ထုတ်ပေးရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
ထို့နောက် တွန်းဇံမြို့ပေါ် (၂)ရက်ကွက်ရှိ တောင်သူ ၁၉ ဦးထံသို့ ဝဥမျိုးစေ့ ၄၃၈၆ ပိဿာကို အခမဲ့ ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ ဝဥမျိုးစေ့များ ဖြန့်ဝေခြင်းလုပ်ငန်းများကို ချင်းပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် စိုက်ပျိုးရေး ဦးစီးဌာနမှ ဖြန့်ဝေပေးခြင်းဖြစ်ကြောင်း သိရသည်။
ဝေဖြိုး(ဇလပ်မြေ)


