ပခုက္ကူ ၁၇ မတ်
ပခုက္ကူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနကြီးမှူး၍ အသက်မွေးဝမ်းကြောင်း အထောက်အကူပြု ပလတ်စတစ်ခြင်း ရက်လုပ်ခြင်း သင်တန်းဆင်းပွဲကို မတ် ၁၇ ရက်နေ့ နံနက် ၇ နာရီခွဲက ပခုက္ကူမြို့နယ်၊ ဇီးပင်ကန်ကျေးရွာ၊ အ.မ.က ကျောင်းခွဲ၌ ကျင်းပသည်။
ရှေးဦးစွာ အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဟန်ဇော်ဝင်းက သင်တန်းဆင်း အမှာစကား ပြောကြားပြီး ပခုက္ကူခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဇော်ဌေးအာင်နှင့် ကမ္မမြို့၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောထူးအောင်၊ မြို့နယ်ကျေးလက်လမ်း ဦးစီးမှူး ဒေါ်ကြည်ကြည်မာတို့က အသက်မွေးပညာဖြင့် တိုးတက်အောင်ဆောင်ရွက်ကြရန် အားပေး စကားများ ပြောကြားကြသည်။
ထို့နောက် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများကသင်တန်း ထူးချွန်ဆုနှင့် သင်တန်းဆင်းလက်မှတ်များ ပေးအပ်သည်။
အဆိုပါ သင်တန်းကို မတ် ၃ ရက်နေ့မှ ၁၇ ရက်နေ့အထိကျေးရွာအရောက် အခမဲ့သင်ကြားပေးခဲ့ကြောင်း သိရသည်။
ကိုဇော်(ဓာတု)


