နေပြည်တော် ၁၇ မတ်

 

မြန်မာနိုင်ငံတွင် အားကစားခရီးသွားလုပ်ငန်း တိုးမြှင့်ဆောင်ရွက်ရေး ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန နီလာအစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

120584624

 

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က မြန်မာနိုင်ငံတွင် အားကစားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားကစားခရီးသွားလုပ်ငန်း ကော်မတီကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အားကစားနှင့် စွန့်စားမှု အခြေခံခရီးသွားလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာနှင့် စနစ်တကျ စီမံခန့်ခွဲမှုများ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အားကစား ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုသည် နိုင်ငံ၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးအတွက် အထောက်အကူပြုမည်ဖြစ်ကြောင်း၊ အားကစားနှင့် စွန့်စားမှု ခရီးသွားလုပ်ငန်းများ စနစ်တကျ ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သော အတတ်ပညာ၊ လုပ်ထုံးလုပ်နည်းနှင့် စည်းမျဉ်းစည်းကမ်းများ ချမှတ်ဆောင်ရွက်ရန် လိုအပ်ကြောင်း  ပြောကြားသည်။

 

ထို့နောက် နီပေါနိုင်ငံ The Last Resort မှ အုပ်ချုပ်မှုဒါရိုက်တာ Mr. Bushnu Neopanae က မြန်မာနိုင်ငံအတွက် Adventure Tourism Master Plan ရေးဆွဲနိုင်ရေး၊ Standard Operating Procedure (SOP)များ ရေးဆွဲနိုင်ရေး၊ Bungee Jumping  Paragliding, Sky Walk, Zip Lining နှင့် Trekking အစရှိသော စွန့်စားမှု အခြေခံခရီးသွား လုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရေးနှင့် Journey Travel & Tours မှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးဝင်းတင်က Activity Based Tourism ဆိုင်ရာများကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီး ဦးတင်လတ်နှင့် တာဝန်ရှိသူများက အကြံပြုဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ဆွေးနွေးချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးသည်။

 

သတင်းစဉ်