ပုသိမ် ၁၇ မတ်

 

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် ယနေ့နံနက်ပိုင်းက COVID-19 အသိပညာပေး ပိုစတာကပ်ခြင်း၊ လက်ကမ်းစာစောင်/ လက်ဆေးဆပ်ပြာ ဖြန့်ဝေခြင်း၊ လက်ဆေးနည်း အသိပညာပေးခြင်း၊ ကိုယ်ပူချိန်တိုင်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ယင်းကဲ့သို့ ဆောင်ရွက်ရာတွင် ပုသိမ်ခရိုင် ကြက်ခြေနီကြီးကြပ်မှုကော်မတီ၊ ပုသိမ်မြို့နယ် ကြက်ခြေနီအသင်းခွဲ စေတနာလုပ်အားရှင်များ၊ ပုသိမ်မြို့နယ် ကျန်းမာရေးဉီးစီးဌာန၊ လူမှုရေးအဖွဲ့များ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းမှ စတင်ကာ အဖွဲ့များခွဲ၍ ကမ်းနားစျေး၊ ရွှေပြည်သာစျေး၊ အဝေးပြေးကားဂိတ်များတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

၎င်းအပြင် နိုင်တော်ပိုင် သတင်းစာ၊ MRTV တို့မှလည်း ပြည်သူများ သိရှိလိုက်နာနိုင်ရန် အချိန်နှင့်တစ်ပြေးညီ ဖော်ပြပေးလျက်ရှိသည်။

 

သတင်းနှင့်ဓာတ်ပုံ - မောင်မောင်မြင့်(ပြန်/ဆက်)