မူဆယ် ၁၇ မတ် 

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့ရှိ စာစစ်ဌာန(၃)ခု၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသော ကျောင်းသား၊ ကျောင်သူများကို စိန်သာ အိမ်၊ ခြံ၊ မြေနှင့် အထွေထွေအကျိုးဆောင် ကုမ္ပဏီလီမိတက်မှ စာရေးကိရိယာနှင့် သောက်ရေသန့်များ အခမဲ့ ဝေငှလျက်ရှိသည်။

 

တက္ကသိုလ်ဝင်တန်းဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူများကို စတင်ဖြေဆိုသည့် မြန်မာစာဘာသာရပ်နေ့မှစပြီး စာရေးကိရိယာနှင့် သောက်ရေသန့်များ အခမဲ့ ဝေငှပေးကြောင်း စိန်သာ အိမ်၊ ခြံ၊ မြေနှင့် အထွေထွေအကျိုးဆောင် ကုမ္ပဏီလီမိတက်မှ တာဝန်ခံ ကိုအောင်နိုင်က ပြောသည်။

 

“အခုက နွေရာသီရောက်ပြီဆိုတော့ လာကြိုတဲ့ ကျောင်းသား၊ ကျောင်းသူမိဘတွေ၊ စာမေးပွဲဖြေတဲ့ ကျောင်းသား၊ ကျောင်းသူတွေကို ရေကုသိုလ် ဒါနပြုတဲ့သဘောနဲ့ စာမေးပွဲဖြေတဲ့ တချို့ကလေးတွေ စာရေးကိရိယာ အသုံးအဆောင်ပိုင်းမှာ အခက်အခဲရှိမှာစိုးလို့ လာရောက်အခမဲ့ဝေငှတာပါ"ဟု ကိုအောင်နိုင်က ပြောသည်။

 

မူဆယ်မြို့၌ ရူပဗေဒဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူ ၁၃၈၉ ဦး ဖြေဆိုပြီး ဖြေဆိုရန်ပျက်ကွက်သူ ၇၅ ဦးရှိကြောင်းနှင့် ဖြေဆိုမှု ရာခိုင်နှုန်းအနေဖြင့် ၉၄ ဒသမ ၆၀ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။ 

 

မိုင်းဘဉာဏ်(ကွတ်ခိုင်)