ပခုက္ကူ ၁၇ မတ်  

 

မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ပေါက်မြို့နယ် ယောချောင်းထွက် အာလူးများ ပခုက္ကူဈေးကွက်သို့ နေ့စဉ် အချိန် ခုနစ်သောင်းခန့် ဝင်ရောက်လာကြောင်း မြနီလာပွဲရုံပိုင်ရှင် ဦးတင်ကိုထံက သိရသည်။

 

1

 

ပခုက္ကူခရိုင် ပေါက်မြို့နယ် ယောချောင်းတစ်လျှောက် စိုက်ပျိုးသည့် အားလူများ လှိုင်လှိုင်ပေါ်ချိန် ပခုက္ကူဈေးကွက်သို့ အားလူများ တစ်နေ့အချိန် ခုနစ်သောင်းခန့် ဝင်ရောက်လျက်ရှိကာ ဈေးနှုန်းအသင့်အတင့်သာ ရောင်းချရကြောင်း ပေါက်မြို့နယ်မှအာ လူးစိုက်တောင်သူ ဦးစိုးလှိုင်က ပြောသည်။ အာလူးစိုက်ပျိုးချိန်တွင် အထွက်နှုန်းကောင်းရန် ကိုင်းကွှန်းမြေ ထွန်ရေးညက်စွာထွန်ပြီး သီတင်းကျွတ်၊ တန်ဆောင်မုန်းလတွင် စိုက်ပျိုးကြကြောင်း သိရပြီး အပင်ဖြစ်ထွန်းချိန် ဥဥနှုန်းကောင်းရန်နှင့် ဥကြီးရန်အတွက် ရွက်ဖျန်းဆေး စနစ်တကျ ပက်ဖျန်းပေးရကြောင်း၊ ရေသွင်းစိုက်ပျိုးခြင်းဖြင့် စိုက်ပျိုးပြီး အာလူးစိုက်တောင်သူအများစု အာလူးအထွက်နှုန်း အဆင်ပြေကြပြီး ဈေးနှုန်းကတော့ တောင်သူတွေအတွက် အသင့်အတင့်သာရှိကြောင်း သိရသည်။ 

 

ပခုက္ကူဈေးကွက်တွင် အာလူးအချိန်မြောက်မြားစွာ စတင်ဝင်လျက်ရှိပြီး တစ်ပိသာဈေးနှုန်း ၆၀၀ ကျပ်သာ ရောင်းချရခြင်းကြောင့် ပေါက်မြို့နယ် အာလူးစိုက်တောင်သူများ ဒီထက်ဈေးနှုန်းပိုရရန် မျှော်လင့်နေကြကြောင်း သိရသည်။

 

မောင်မောင်ထိန်(ကျောက်ပန်းတောင်း)