၁၇ မတ်
၂၀၂၀ခုနှစ် ဇွန် ၁၂ ရက် မှ ဇူလိုင် ၁၂ ရက်အတွင်းမှာ ကျင်းပမယ့် UEFA ချန်ပီယံ ဘောလုံးပွဲကို ကိုရိုနာ ကမ္ဘာ့ကပ်ရောဂါ ဗိုင်းရပ်စ်ပိုးကြောင့် ၂၀၂၁ ခုနှစ်အထိ တစ်နှစ်တိတိ ရွှေ့ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း အင်္ဂါနေ့က ကြေညာလိုက်ပါတယ်။
ယူရို ၂၀၂၀ ကနေ ယူရို ၂၀၂၁ ဖြစ်လာပြီး ပြိုင်ပွဲကို ဇွန် ၁၁ ရက်မှ ဇူလိုင် ၁၁ အထိကျင်းပသွားမယ်လို့ UEFA က ကြေညာပါတယ်။
ယူရို ၂၀၂၀ ရဲ့ ဖွင့်ပွဲကို အီတလီနိုင်ငံ ရောမမြို့မှာကျင်းပဖို့ရှိရာ ကိုရိုနာ ကမ္ဘာ့ကပ်ရောဂါ ဗိုင်းရပ်စ်ပိုးကြောင့် အီတလီနိုင်ငံမှာ မတ်လ ၁၈ ရက်နေ့ ထုတ်ပြန်ချက်အရ လူပေါင်း ၃၁,၅၀၆ ဦး ကူးစက်ခံရပြီး ၂,၅၀၃ ဦးသေဆုံးခဲ့ကြောင်း သိရပါတယ်။
MDN
ကိုးကား - AFP