ဟားခါး ၁၈ မတ်
ချင်းပြည်နယ် ဟားခါးမြို့တွင် ယနေ့နံနက် ၉ နာရီခွဲက ဈေးကွက်အတွင်း ရောင်းချလျက်ရှိသည့် ဆေးဝါးအရောင်းဆိုင်များ၌ သုံးစွဲရန်မသင့်သော ဆေးဝါးများနှင့် သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် ချင်းပြည်နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဉီးစီးဌာနက ဉီးဆောင်၍ ပူးပေါင်းကော်မတီအဖွဲ့မှ ဟားခါးမြို့ ပြည်တော်သာရပ်ကွက်ရှိ ဆေးဝါးအရောင်းဆိုင်များကို စစ်ဆေးခဲ့ပြီး သိမ်းဆည်းရရှိသည့် သက်တမ်းလွန်ဆေးဝါးများကို ကော်မတီ၏ ဆုံးဖြတ်ချက်အရ မီးရှို့ဖျက်ဆီးသွားမည်ဖြစ်ကြောင်း ချင်းပြည်နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ဉီးစီးဌာနမှ သိရသည်။
ဆလိုင်း(ပြန်/ဆက်)


