မြဝတီ ၁၈ မတ်
COVID-19 ကိုရိုနာဗိုင်းရပ်စ်ရောဂါသည် ကမ္ဘာအနှံ့ ကူးစက်ပျံ့ပွားလျက်ရှိပြီး မြန်မာနိုင်ငံတွင် ကူးစက်ပျံ့ပွားမှု မရှိစေရေးအတွက် မြဝတီမြို့ နယ်စပ်ဂိတ်များ၌ ကာကွယ်ရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြန်မာ-ထိုင်း နယ်စပ်ဂိတ်များဖြစ်သည့် အမှတ်(၁) ချစ်ကြည်ရေးတံတားနှင့် အမှတ်(၂) ချစ်ကြည်ရေးတံတားများ၌ နေ့စဉ် ဝင်ထွက်သွားလာလျက်ရှိသည့် ပြည်သူများအား COVID-19 ကိုရိုနာ ဗိုင်းရပ်စ်ရောဂါ စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသကဲ့သို့ တားဆီးကာကွယ်ရေးအတွက် ကျန်းမာရေးစစ်ဆေးမှုလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
COVID-19 ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအခြေအနေသည် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများတွင် ရောဂါပိုးကူးစက်ခံရသူများနှင့် ရောဂါဖြစ်ပွားနေသူများကို စိုးရိမ်ဖွယ်ရာ တွေ့ရှိနေရသဖြင့် ရောဂါပိုးကူးစက်ခံရသူများ ပါဝင်လာခြင်း မရှိစေရေး တာဝန်ရှိသူများက အလေးပေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မန်းသန်းရွှေမြင့်(ပြန်/ဆက်)


