နေပြည်တော် ၁၈ မတ်

 

အသက်ရှူလမ်းကြောင်းဆိုင်ရာ COVID–19 ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များအား အပူချိန်တိုင်းတာ စစ်ဆေးပေးခြင်းကို ယနေ့ကျင်းပသည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၅)ရက်မြောက်နေ့တွင် စတင်ပြုလုပ်ခဲ့သည်။

 

ယင်းသို့ အပူချိန် ရှိ၊ မရှိ စစ်ဆေးဆောင်ရွက်ပေးခြင်းကို အစည်းအဝေးမစတင်မီ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်း အဖွဲ့(၅)ဖွဲ့ဖြင့် လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးကောင်တာအနီးတွင် ဆောင်ရွက်ပေးသည်။

 

ထို့ပြင် လွှတ်တော်ဝင်းအတွင်း ဝင်ရောက်လာသည့် လွှတ်တော်ဝန်ထမ်းများနှင့် သတင်းမီဒီယာသမားများကိုလည်း အပူချိန်တိုင်းတာပေး၍ ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ကြသည်။

 

အောင်ရဲသွင်

 

08780232434