တာချီလိတ် ၁၈ မတ်
မြန်မာ-ထိုင်း နယ်စပ်ဒေသ တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံဘက်သို့ ပြန်ထွက်၍မရသည့် EP (Entry Permit) ဖြင့် ဝင်လာသည့် တရုတ်နိုင်ငံသား ၅၀၀ ကျော်ကို ကျန်းမာရေးဦးစီးဌာနက လိုအပ်သည့် စစ်ဆေးမှုများ လုပ်ဆောင်နိုင်ရန် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျန်းမာရေးဦးစီးဌာနနှင့် ဒေသအာဏာပိုင်အဖွဲ့၊ ဆက်စပ်ဌာနဆိုင်ရာများ၊ ပြည်သူလူထု၏ အကူအညီများ ရယူကာ ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။ ထိုင်းနိုင်ငံဘက်မှ EP (Entry Permit) ဖြင့် ဝင်လာသည့် တရုတ်နိုင်ငံသား ၅၀၀ ကျော်ကို ထိုင်းနိုင်ငံဘက်က အဝင်လက်မခံတော့သဖြင့် ယခုကဲ့သို့ တာချီလိတ်မြို့တွင် ပိတ်မိနေခြင်းဖြစ်သည်။
မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားမှတစ်ဆင့် ထိုင်းနိုင်ငံသားများကို နယ်စပ်ဖြတ်သန်းခွင့်ဖြင့် လည်းကောင်း၊ တတိယနိုင်ငံသားများကို ဗီဇာ၊ ပြည်ဝင်ခွင့်လက်မှတ် (Entry Permit) ဖြင့်လည်းကောင်း ဝင်ရောက်လည်ပတ်ခွင့် ပြုထားခြင်းဖြစ်သည်။
COVID-19 ကူးစက်ခံရသူ တိုးလာနေသည့် ထိုင်းနိုင်ငံက မြန်မာနိုင်ငံနှင့် နယ်စပ်ဝင်/ထွက်ပေါက်များကို မပိတ်သော်လည်း တရုတ်နိုင်ငံသားများ နယ်စပ်ဝင်/ထွက်ပေါက်များမှ ဝင်လာခြင်းကို ကန့်သတ်ထားခြင်းဖြစ်သည်။
ယာဆေး(ပြန်/ဆက်)


