နေပြည်တော်  ၁၈  မတ်

 

 

နေပြည်တော်အတွင်းရှိ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှု လျှော့ချနိုင်ရေးအတွက် နေပြည်တော် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၀)ကို ယနေ့ မွန်းလွဲ ၂ နာရီက နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

 

ရှေးဦးစွာ နေပြည်တော်ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော် ကောင်စီဝင် ဦးတင်ထွန်းက နေပြည်တော်အတွင်းရှိ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတု ပြောင်းလဲမှုလျော့ချနိုင်ရေး လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ အဖွင့်အမှာစကား ပြောကြားသည်။

 

 

ထို့နောက် နေပြည်တော် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး နေပြည်တော် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယညွှန်ကြာရေးမှူး ဦးရဲထွန်းက အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုကော်မတီအစည်းအဝေးများ၏ ဆုံးဖြတ်ချက်များ၊ ညွှန်ကြားချက်များအပေါ် ဆောင်ရွက်ချက်များ၊ လတ်တလောဆောင်ရွက်နေသည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။

 

 

ဆက်လက်၍ Nature Myanmar Ecosphere Co., ltd မှ ဒါရိုက်တာ ဦးစိုးဟိန်းက သဘာဝပတ်ဝန်းကျင် ထိခိုက်မှု လျှော့ချနိုင်ရေးအတွက် ကွမ်းသီးဖက်ပန်းကန်များ၊ လူအသုံးအဆောင်ပစ္စည်းများ ထုတ်လုပ်နေမှု အခြေအနေများကိုလည်းကောင်း၊ နေပြည်တော် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များက သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆောင်ရွက်ချက်များကိုလည်းကောင်း အသီးသီး ဆွေးနွေးတင်ပြရာ နေပြည်တော် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်းက ဆွေးနွေးချက်များကို ပြန်လည်သုံးသပ် ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

 

ထွန်းထွန်းဝင်း(ပြန်/ဆက်)