ခမ်းပါတ် ၁၉ မတ်
စစ်ကိုင်းတိုင်းဒေသကြီး တမူးခရိုင် ခမ်းပါတ်မြို့ ကနန်စံပြကျေးရွာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး အစီအစဉ်ဖြင့် လယ်ယာကုန်ထုတ်လမ်း ဖောက်လုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် အမှတ်(၁)လယ်ယာကုန်ထုတ်လမ်း အရှည် ( ၁ /၀ )မိုင်ပေါ် တွင် (၁၀'× ၁၈'× ၆')ရှိ ကွန်ကရစ်တံတားတစ်စင်း တည်ဆောက်ခြင်း၊ (၂'×၁၈')ရှိ ရေပြွန်( ၉ )စင်းတည်ဆောက်ခြင်းနှင့် အမှတ်( ၂ ) လယ်ယာကုန်ထုတ်လမ်း အရှည်( ၂ /၀ )မိုင် ပေါ်တွင် (၁၀'× ၁၈'× ၆')ပေရှိ ကွန်ကရစ် တံတားတစ်စင်း တည်ဆောက်ခြင်း၊ (၂'×၁၈' )ရှိ ရေပြွန်( ၁၄ )စင်းတည်ဆောက်ခြင်း အပါအ၀င် စုစုပေါင်းလမ်းအရှည် ( ၃ )မိုင်ကို မြေသားတာဘောင်တင်၍ ( ၁၂ )ပေ အကျယ်၊ ၁ ပေ မြေသားထုနှင့် ချောင်းကျောက် ( ၆ )လက်မထု ခင်းခြင်းလုပ်ငန်းမျာကို တင်ဒါအောင်မြင်သည့် MIT Construction Company Limited က တာဝန်ယူဆောင်ရွက်လျက်ရှိသည်။
ကုန်ထုတ်လမ်းများ ပြီးစီးသွားပါက လယ်မြေဧက(၈၀၀)ကို အကျိုးပြုဆောင်ရွက်နိုင်မည်ဖြစ်ပြီး မိမိတို့၏ လယ်ယာထွက်ကုန်များကို အဆင်ပြေချောမွေ့စွာ သယ်ယူနိုင်မည်ဖြစ်သည်။
အဆိုပါလမ်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ခွင့်ပြု ရန်ပုံငွေ ကျပ်(၅၀.၃)သန်းဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး လုပ်ငန်းများအချိန်မီ ပြီးစီးရေး၊ အရည်အသွေးပြည့်မီစေရေးတို့ကိုလည်း ကြီကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သားငယ် (ပထဝီဝင်)


