မြို့သစ်  ၁၉  မတ်

 

မကွေးခရိုင် မြို့သစ်မြို့နယ် လင်းလည်အုပ်စု အောင်ချမ်းသာကျေးရွာနှင့် သဖန်းကုန်းအုပ်စု သဖန်းကုန်းရွာနေ လယ်သမားများပိုင်ဆိုင်သည့် လယ်ဧက(၂၀)ခန့်အား သဖန်းကုန်းကျေးရွာဖွံ့ဖြိုးရေး ကန်အဖြစ်အသုံးပြုခြင်းများ ဆောင်ရွက်နေရာမှ ယခင်လယ်ပိုင်ရှင်များမှ   လယ်မြေပြန်လည် လယ်လုပ်ကိုင်ခွင့်ရရှိရေး မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးကော်မတီအဖွဲ့မှ   ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရသည်။

 

"ဒီလယ်မြေတွေက ကျွန်မတို့ မိဘဘိုးဘွားပိုင် လယ်မြေ၊ မြို့နယ်မြေစာရင်းရုံးမှာလည်း ဦးပိုင်အမည်ပေါက်ပြီးသား လယ်မြေတွေပါ။ စပါးအထွက်နှုန်းလည်း    မညံ့တဲ့ လယ်မြေတွေဖြစ်ပြီးတော့ လွန်ခဲ့တဲ့ ၁၈ နှစ်ခန့်က လူသွားလမ်းဘောင် ပြုလုပ်တာခံရပြီး ရေလွှမ်းမိုးဒဏ်ခံရလို့  လယ်လုပ်ခွင့်မရရှိတော့ဘဲ သဖန်းကုန်းကျးရွာမှ တစ်စတစ်စ ငါးကန်အဖြစ် အသုံးပြုတာခံရပြီး လယ်လုပ်ခွင့် ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်   " ဟု လယ်မြေပိုင် လယ်လုပ်သူ အောင်ချမ်းသာကျေးရွာမှ ဒေါ်မြင့်မြင့်သန်းက ပြောသည်။

 

"ဒီလယ်မြေတွေ ငါးကန်အဖြစ် ဖြစ်သွားရတာကလည်း သဖန်းကုန်းကျးရွာက လူသွားလမ်းဘောင် ဖေါက်လုပ်ချိန် လယ်မြေဘေးက မြေတွေတင်ဖို့လိုက်လို့   လယ်မြေတွေမှာ မိုးရွာရေအိုင်ပြီး တစ်စတစ်စ  လယ်မြေ ဧက ၂၀ လုံး ရေလွှမ်းမိုးကာ  ကန်ရေပြင်ကဲ့သို့ဖြစ်သွားပြီးနောက် ၄င်းတို့ကျေးရွာက ထပ်မံ စက်ယန္တရားများနဲ့ လယ်မြေအားတူးဖေါ် ဘောင်တင်ပြီး သဖန်းကုန်းကျးရွာ ဖွံဖြိုးရေးကန်အဖြစ် ပြုလုပ်ခဲ့တယ်။ ဒီလိုပြုလုပ်မှုကြောင့် အောင်ချမ်းသာကျေးရွာအတွင်း ရေများစိမ့်ဝင်ပြီး ကျေးရွာနေလူထုမှာ သွားလာနေ ထိုင်မှုများခက်ခဲခြင်း လူနှင့်တိရစ္ဆာန်များ ကျန်းမာရေး ချို့တဲ့ခြင်းတွေခံခဲ့ရပြီး သဖန်းကုန်းကျေးရွာက ငါးကန်အဖြစ် လုပ်ကိုင်ခြင်းခံခဲ့ရတာပါ" ဟု လင်းလည်အုပ်စု အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်စိုးနှင့် အောင်ချမ်းသာ ကျေးရွာရွာခွဲတာဝန်ခံဦးကျော်လွင်က ပြောသည် ။

 

6668

 

အောင်ချမ်းသာကျေးရွာနှင့် သဖန်းကုန်းကျေးရွာရှိ   မိဘဘိုးဘွားပိုင် လယ်မြေအား    မူလလယ်ပိုင်ရှင်များမှ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုထံ     ဖြစ်စဉ်နှင့်တစ်ကွ လယ်လုပ်ခွင့်ပြန်လည်ရရှိရေး အသနားခံ သွားရောက်တင်ပြ တောင်းဆိုခဲ့ရာ   တိုင်းအစိုးရအဖွဲ့မှလည်း မူလလယ်ပိုင်ရှင်    တောင်သူများအား ပြန်လည်လုပ်ပိုင်ခွင့်ပေးသင့်ကြောင်း ညွှန်ကြားခဲ့ကြောင်း၊       မြို့သစ်မြို့နယ် လယ်စီအဖွဲ့မှလည်း  ၂၀၁၈ ခုနှစ် မေလ ၁၅ ရက်နေ့တွင် မူလပိုင်ရှင်     တောင်သူများအား ပြန်လည်လုပ်ပိုင်ခွင့်ပုံစံ လျှောက်ထားစေခဲ့ကြောင်းနှင့် မူလ လယ်ပိုင်ရှင်တောင်သူများအား    သဖန်းကုန်းကျေးရွာ ဖွံ့ဖြိုးရေးကန်ပြုလုပ်ထားသည့်   လယ်မြေများအား မူလလယ်ပိုင်ရှင်များ      လယ်ယာမြေလုပ်ကိုင်ခွင့် ခွင့်ပြုလက်မှတ် ပုံစံထုတ်ပေးနိုင်ရေး၊   မူလ လယ်ပိုင်ရှင်များ လယ်ယာမြေပြန်လည်လုပ်ကိုင်ခွင့်ရရေး       မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ    ဦးသိန်းဇော်ဦးနှင့်အဖွဲ့မှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း      မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဒုဦးစီးမှူး ကျော်သူအောင်ထံမှ သိရသည်။

                                                                                                                        

ဇော်ဇော်(မြို့သစ်)