ရွာသစ် ၁၉ မတ်
မိုးတွင်းကာလတွင် အဖြစ်များလေ့ရှိသည့် ခြင်အန္တရာယ် သွေးလွန်တုပ်ကွေးရောဂါကို ကြိုတင်ကာကွယ်သည့်အနေဖြင့် Abate ဆေးခတ်ခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ရွာသစ်မြို့ ရပ်ကွက်အတွင်းရှိ နေအိမ်များမှ ရေသိုလှောင်နေရာများတွင် Abate ဆေးများ ခတ်ပေးခြင်း၊ ဖုံး၊ သွန်၊ လဲ၊စစ်ဆောင်ရွက်ခြင်းတို့ကို စနစ်တကျ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် သားဖွားဆရာမ ဒေါ်နွဲ့နွဲ့အောင်မှ ဦးဆောင်၍ အဖွဲ့နှစ်ဖွဲ့ခွဲကာ ဖုံး၊သွန်၊လဲ၊စစ် လုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး နောက်ရက်များတွင်လည်း ကျေးရွာများသို့ Abate ဆေးခတ်ခြင်း လုပ်ငန်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
နန်းဆွေဆွေအေး(ပြန်/ဆက်)


