ဟိုပုံး ၁၉ မတ်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်အတွင်း ရောင်းချလျက်ရှိသော အစားအသောက်များ၊ အလှကုန်ပစ္စည်းများနှင့် ရေသန့်လုပ်ငန်းများအား အသိပညာပေးညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက ဟိုပုံးပြည်သူ့ဆေးရုံအစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမောင်မောင်သိန်းမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ရှမ်းပြည်နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ဒေါက်တာနေလင်းမှ ခွင့်မပြုသော အများပြည်သူများ စားသုံးရန်မသင့်သည့် အစားအသောက်များ၊ သုံးစွဲရန်မသင့်သည့် အလှကုန်ပစ္စည်းများ၊ ထုတ်လုပ်ရောင်းချလျှက်ရှိသော သောက်သုံးရေသန့်များကို သတ်မှတ်ချက်များ နှင့်အညီထုတ်လုပ်ရောင်းချစေရန်နှင့် စျေးကွက်နမူနာကောက်ယူစစ်ဆေးခြင်းလုပ်ငန်းများ ပြုလုပ်ခဲ့ ကြကြောင်း သိရသည်။
နေမင်းထွန်း(ဟိုပုံး)


