ဓနုဖြူ  ၁၉  မတ်

 

ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူ မြို့မဈေးအတွင်း၌ ဇီဝလုံခြုံရေးနည်းစနစ်များ ဂရုပြုလိုက်နာ ကျင့်သုံးစေရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ဈေးကော်မတီဝင်များနှင့် ကျန်းမာရေးဝန်ထမ်းများ ပူပေါင်း၍ မတ်လ ၁၉ ရက် နံနက် ၉ နာရီက ဆောင်ရွက်ခဲ့သည်။

 

19000

 

ထိုသို့ဆောင်ရွက်ရာတွင် သား/ငါးရောင်းချသောဈေးသည်များ တိရစ္ဆာန်သွေးနှင့် တိရစ္ဆာန်မှ ထွက်ရှိသော အရည်များကို တိုက်ရိုက်ထိတွေ့မှုမရှိစေရန် ဇီဝလုံခြုံရေး နည်းစနစ်များ ဂရုပြုလိုက်နာ ကျင့်သုံးစေရေး၊ လုပ်ငန်းပြီးဆုံးချိန်တွင် လက်ကိုဆပ်ပြာဖြင့် နည်းစနစ် မှန်ကန်စွာ ဆေးကြောနည်း သရုပ်ပြခြင်းနှင့် ဈေးခုံများအား နေ့စဉ်သန့်ရှင်းရေး ပြုလုပ်သွားရန် ပူးပေါင်းကွင်းဆင်း ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။

 

ထက်ဝေဖြိုး

 

9624