နေပြည်တော် ၁၉ မတ်
COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ၏ နေ့တွက်စရိတ် တစ်ရက်စာကို Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီသို့ လှူဒါန်းပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် (D)ဆောင်၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းတို့က အမှာစကားပြောကြားကြပြီး ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းအောင် (ခ) ဦးထွန်းထွန်းဟိန်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၄၂၉ ဦး၏ နေ့တွက်စရိတ် တစ်ရက်စာ ငွေကျပ် ၈၅၈၀၀၀၀ နှင့် အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၂၁၅ ဦး၏ နေ့တွက်စရိတ် တစ်ရက်စာ ငွေကျပ် ၄၃၀၀၀၀၀ တို့ကို ပေးအပ်လှူဒါန်းရာ အမျိုးသားအဆင့်ဗဟိုကော်မတီ အတွင်းရေးမှူးများဖြစ်ကြသည့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးတို့က လက်ခံရယူကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ကျေးဇူးတင်စကား ပြောကြားသည်။
သတင်းစဉ်


