နေပြည်တော် ၁၉ မတ်
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်သည် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ဆောင်ရွက်မှုများတွင် စနစ်တကျ အသိပညာပေးနိုင်ရေးအတွက် ပံ့ပိုးကူညီလျက်ရှိသည့် Suu Foundation ၏ CEO and President Dr. Michael Marett-Crosby နှင့်အဖွဲ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် ကုလသမဂ္ဂ ဥရောပဒေသဆိုင်ရာ စီးပွားရေးကော်မရှင် (United Nations Economic Commission for Europe – UNECE) က သတ်မှတ်ထားသည့် စံချိန်စံညွှန်းများနှင့် ကိုက်ညီသော ဆိုင်ကယ်စီးဦးထုပ်များကို နိုင်ငံတစ်ဝန်း အသုံးပြုနိုင်ရေးနှင့် မြန်မာနိုင်ငံ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးလုပ်ငန်းစီမံချက် (၂၀၂၁ - ၂၀၃၀) ပြုစုရေးဆွဲနိုင်ရေးတို့ကို ဆွေးနွေးကြသည်။
သတင်းစဉ်


