မြန်မာ့စီးပွားရေးဘဏ်များတွင် ပင်စင်လစာထုတ်ယူခြင်းများကို လစဉ်ရုံးဖွင့်ရက် (၂၁)ရက်နေ့ တစ်ရက်တည်းတွင်သာ စုပြုံထုတ်ယူရန်မလိုအပ်ဘဲ မိမိအဆင်ပြေမည့် အခြားဘဏ်ဖွင့်သည့် ရက်များ တွင်လည်း လွယ်ကူအဆင်ပြေစွာ ထုတ်ယူနိုင်ရန် ဆောင်ရွက်ပေးထားပြီး ပင်စင်စားများသို့လည်း အသိပေး အကြောင်းကြားထားပြီး ဖြစ်ပါသည်။

 

 ထို့အပြင် ပင်စင်လစာငွေများကို ဘဏ်တွင် ငွေစာရင်းဖွင့်လှစ်ထည့်သွင်း၍ လိုအပ်ချိန်တွင် အဆိုပါငွေစာရင်းမှ ထုတ်ယူခြင်းဖြင့်လည်းကောင်း၊ ATM စာရင်းဖွင့်လှစ်၍ ATM စက်များမှ ထုတ်ယူ ခြင်းဖြင့်လည်းကောင်း၊ Myanmar Mobile Money (MMM) စနစ်နှင့် Wave Money စနစ်တို့ကို အသုံးပြု၍လည်းကောင်း နီးစပ်ရာ Mobile Agent များတွင် ထုတ်ယူနိုင်ရန် ဆောင်ရွက်ပေးထားပြီး ပင်စင်စားများသို့လည်း အသိပေး အကြောင်းကြားထားပြီး ဖြစ်ပါသည်။

 

     ယခုအခါ မိဘပင်စင်စားများအနေဖြင့် Coronavirus Disease 2019 (COVID-19) ကူးစက် ရောဂါအား ကာကွယ်နိုင်ရေးအတွက် သက်ဆိုင်ရာဘဏ်များတွင် မိမိတို့၏ ပင်စင်လစာငွေများကို လစဉ် (၂၁)ရက် တစ်ရက်တည်းတွင်သာ စုပြုံထုတ်ယူခြင်းအစား လစဉ် (၂၁)ရက်နောက်ပိုင်း ဘဏ်ဖွင့်သည့် ရက်များတွင်လည်း ထုတ်ယူခြင်းဖြင့်လည်းကောင်း Mobile Money စနစ်အသုံးပြု၍ နီးစပ်ရာ Mobile Agent များတွင် ထုတ်ယူခြင်းတို့ဖြင့် လွယ်ကူအဆင်ပြေစွာ ထုတ်ယူကြပါရန် အသိပေးပန်ကြားအပ်ပါ သည်။

 

မြန်မာ့စီးပွားရေးဘဏ်